အတိတ်ဆိုတဲ့ အထဲမှာ ကောင်းသောဖြစ်ခြင်း၊ ဆိုးသောဖြစ်ခြင်း၊ ကြည်နူးခြင်း၊ ကြေကွဲခြင်း၊ ၀မ်းသာပျော်ရွှင်ခြင်း နဲ့ သံဝေဂရစရာတွေ ၊ နှမြောတသဖြစ်စရာတွေပါ ပါတယ်။ အဲဒီလိုအတိတ်ဆိုတဲ့ အရာ ကို လွမ်းဆွတ်ဖို့ ကလည်း မိမိရဲ့ ရင်ထဲက အင်အားတစ်စုံတစ်ရာက နေဦးဏှောက်ဆီကို လှုံ့ဆော်လိုက်တော့ လွမ်းဆွတ်မှုဆိုတာ ဖြစ်လာရ တယ်လေ။ အတိတ်ကို လွမ်းဆွတ်တမ်းတ တဲ့သူတွေထဲမှာ ကျွန်တော်လည်းပါတာပေါ့........
ကျွန်တော်က အညာမှာမွေးပြီး အညာမှာဘဲကြီးပြင်းခဲ့တော့ အဲဒီဒေသကို လွမ်းဆွတ်မှာပေါ့ဗျာ
အဲဒီလွမ်းဆွတ်မှုတွေထဲမှာ ပြောမပြနိုင်လောက်တဲ့ သံယောဇဉ်တွေ၊ ရူးသွပ်မှုတွေနဲ့ အတူ နွေမိုးဆောင်း လွမ်းစရာတွေ အများကြီးဘဲဗျာ ကျွန်တော်တို့ မြို့ ကကျောင်းမှာ (၈)တန်းနှစ်စပိုင်းက ပေါ့ဗျာ ။ ကျွန်တော့် အဖြစ်အပျက် လေးတစ်ခုပေါ့။ အဖြူအစိမ်းဝတ်တဲ့အရွယ်ထဲမှာ ကျွန်တော်က အကောင်ညှက်တော့ အများစ စရာဖြစ်တဲ့အပြင်မျက်မှန်နဲ့ဆိုတော့ပိုပြီးလူသိများတာပေါ့။ကျောင်းတက်ရင်ကျွန်တော့အိမ်က(၈)တန်းနှစ်အထိ သနပ်ခါးလိမ်း ပေးတယ်။ ဘောင်းဘီတိုနဲ့ဘဲကျောင်းတက်တယ်။ ဒုတိယအချိန်သင်ခန်းစာ ၀င်တော့ ဆရာက ကျွန်တော့ကို စ ချင်တာနဲ့ မတ်တပ်ရပ်ခိုင်းပြီး ဘောင်းဘီနဲ့ ကျောင်းမလာရဘူး ။ဘောင်းဘီနဲ့ကျောင်းလာရင် မိဘခေါ်ရမယ်။ ပုဆိုးနဲ့လာခဲ့ဖို့ပြောပြီးထိုင်ခိုင်းလိုက်တယ်။ အဲဒါနဲ့ ကျွန်တော်လည်း ကြောက်ပြီး အိမ်ကို ချက်ချင်းပြေးပြောပြီး ပုဆိုးနဲ့ ကျောင်းပြန်တက်တယ်။ ပုဆိုးလဲ မ၀တ်တက်သေးတော့ ချိတ်တွေဘာတွေနဲ့
မျက်နှာက သနပ်ခါးလိမ်းထားတော့ မျက်ရည်စီးကြောင်းနဲ့ ။နောက်မှ သိရတယ်။ ဆရာက အမေ့သူငယ်ချင်းတဲ့။ သေရော။ ငိုလိုက်ရတာ။
နောက်တစ်ခုက ကျွန်တော်တို့နားမှာ ရဲဌာနာဝင်းရှိတယ်။ အိမ်ရှေ့တင်ဆိုတော့ သွားသွားကစားရတာ အမော။
တစ်ရက်တော့ ထန်းလျက်ပွဲရုံ ရှေ့ဖြတ်သွားရင်းနဲ့ ဆော့ဖော် ဆော့ဖက် တိုးပွားကြီးကို သတိရပြီး တစ်ခဲလောက် ကောက်လာခဲ့တယ်လေ။ ထန်းလျက်ခဲက ကလေးလက်သီးတစ်ဆုပ်စာလောက်ရှိတယ်။
ယူလာပြီး ထန်းလျက်ခဲကို တိုးပွားကြီးသွားကျွေးမိတာ သူ့ကလည်း ထန်းလျက်ကြိုက်တော့ တစ်ခါထဲ ကိုက်ပစ် လိုက်တယ်။ ၀ါးလို့လည်း မရ ပြန်ထုတ်လို့လည်း မရတာနဲ့ ဘယ်သူ့မှ ဒေါသထွက်စရာ မရှိတော့ ကျွန်တော့်ကို ဘဲ မာန်ဖီပြီး လိုက်ဆွဲ တာ နောက်ဆို တိုးပွားက ကျွန်တော့်ဆိုရင် ယောင်လို့တောင် အမြီူး နံ့ မပြတော့ဘူး။ တော်တော်လေးလည်းစိတ်နာသွားတယ်ထင်တယ်။
====================================================================
မကြာသေးခင်အတိတ်က ဆိုရင် ၂၀၀၅ ခုနှစ်က ကျွန်တော့အတွက် ဆုံးရှုံးရတဲ့သူငယ်ချင်း၂ ယောက်ရှိတယ်။
၂ ယောက်စလုံး ဆိုင်ကယ်မှောက်ပြီးဆုံးပါးသွားကြတာချည်းဘဲ။ တစ်ယောက်က တော့ ကိုကိုဦး ငယ်သူငယ်ချင်း အရင်းခေါက်ခေါက်ပေါ့။ တစ်ယောက်ကတော့ ၀သုန်ဇော်(ခ)ကိုကိုဇော်ပေါ့။ သူက လုပ်ဖော် ကိုင်ဖက်သူငယ်ချင်း။ နှစ်ယောက်စလုံးရှေ့ဆင့်နောက်ဆင့်ဆိုသလို လူ့လောက ထဲကနေ ပျောက်သွားလိုက် တာ မယုံကြည်နိုင်အောင်ပါဘဲ။ ၀သုန်က ဆိုင်ကယ်နောက်က ထိုင်စီးရင်း ကျောက်ပုံနဲ့ခေါင်းနဲ့ ၀င်တိုက်မိပြီး ဆုံးသွားခဲ့တာ။ ကိုကို ဦးကတော့ ကျွန်တော်သွားလေရာနောက်က နေ တစ်ကောက်ကောက်လိုက်တဲ့ကောင်
ငယ်သူငယ်ချင်းတွေ ရန်ကုန်ကနေပြန်လာမယ်ဆိုတော့ မြို့က စက်မှုဇုန်ကနေဘယ်မှ မသွားဘဲနေတဲ့ကောင်
ကျွန်တော်တို့ တစ်တွေပြန်လာမယ်လို့ ဖုန်းဆက်ပြောကတည်းက သူက အူမြူးနေတာ။ ကျွန်တော်တို့ မြို့ကို ပြန် ရောက်တာနဲ့ သူ့ဆီကိုချီတက်သွားတာ ..............သူ့ကို အင်္ကျီတောင်အလဲမခိုင်းဘဲနဲ့ အတင်းဆွဲခေါ်လာတာ
ညနေကျမှ ပြန်ပို့ပေးတာ။ သူဆုံးမဲ့ညက ကျွန်တော်နဲ့ ယောသားက သူ့ဆီကို သွားဖို့ တိုင်ပင်ထားတယ်
လမ်းမှာအသိတစ်ယောက်က ပြောတာနဲ့ စီဒီဆိုင်က အငြိမ့်ခွေငှားပြီး ကြည့်လိုက်တာ အိပ်ပျော်သွားတယ်
ည ၁ နာရီလောက်မှ သူငယ်ချင်းတစ်ယောက်အမေ လာပြောလို့သိရတယ်။ ကိုကိုဦး ဆုံးပြီတဲ့................
ရည်းစားနဲ့ ကွဲတာတောင်အဲဒီလောက်မကြေကွဲဘူးဗျာ။ ဒါ အမှန်ပြောတာပါ။
သူ့အတွက် ဆုတောင်းပေးယုံလွှဲပြီး ကျွန်တော်ဘာတက်နိုင်မှာလဲဗျာ.....
Wednesday, July 25, 2007
အတိတ်သို့ လွမ်းဆွတ်ခြင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment