ကျွန်တော်က သူငယ်ချင်းဆိုအရမ်းခင်တာဗျ။ ငယ်ငယ်ကတည်းကသူငယ်ချင်းတွေနဲ့ လျှောက်လည်တာ အလည်လွန်လို့ အိမ်ကအရိုက်ခံရတာလည်းမနည်းဘူး℺ ပြောရရင် ကျွန်တော်က အညာမှာမွေးပြီး ကြီးတာဆို တော့ ကစားနည်းပေါင်းစုံလည်းဆော့တတ်တယ်ခင်ဗျ။ ဥပမာ။ ကျည်းကစားရိုက်တာတို့၊ သူငယ်ချင်းတွေသင်ပေးသွားတဲ့ ဘာတဲ့ ၀ါဝု ၀ါတဲ့ ॥ မသိပါဘူး သူတို့သင်ပေးကြတာ။ အဲဒီကစားနည်းက ဘာရယ် မဟုတ်ဘူးဗျ॥ ည ည ဆိုက တူတူပုန်းတမ်း အဖွဲ့လိုက်ကစားကြရတာ။ တစ်ယောက်မိရင် အကုန်မိတယ်။ နတ်ဖွက်မှာကြောက်လို့ထင်တာဘဲ။ ပါးစပ်ထဲတွေ့ရာလျှောက်အော်ကြတာ॥ပြီးတော့ ရှိပါသေးတယ်॥ဂေါ်လီ ရိုက် တယ်၊ ထွေခင်းတယ်။ သားရေကွင်းကစားတယ်။ဘောလုံးကန်တယ်။ နောက်॥ နို့ဆီဗူးတွေထောင်ပြီး တင်းနစ် ဘောလုံးနဲ့ ပစ်ရတာ။ မေ့တောင်သွားပြီ॥ ကမြင်းကြောထတာများလွန်းလို့...
ပေါက်ပေါက်ရှာရှာတွေးတာလည်းစိတ်ချ॥ ကျွန်တော့်သူငယ်ချင်းတစ်ယောက်နဲ့ ပေါ့ ဗျာ॥သူ့အိမ်က မော်တော်ုဘုတ်တစ်စင်းဝယ်ပေးထားတယ်တဲ့။ (၄)တန်းကျောင်းသားဘဲရှိသေးတယ်။ ကျူရှင်လစ်ပြီး ဧရာဝတီမြစ်ထဲကို သွားပြီး ဓါတ်ခဲနဲ့ လွှတ်ရတဲ့မော်တော်ဘုတ်ကို ယူပြီး လွှတ်လိုက်တာ။ ရေထဲမျှောပါသွားလို့ ဖေ၀င်းညိုဆိုတဲ့ ကျွန်တော့်သူငယ်ချင်းတစ်ယောက်ငိုပါလေရောဗျာ.... ဒါတင်ဘယ်က မလဲဗျာ ကျွန်တော်(၂)တန်းနှစ်က ပေါ့
ဒါကလည်းမမေ့နိုင်လို့ပါ။ ကျွန်တော်တို့ ပခုက္ကူ အထက(၁)မှာဆို သူငယ်တန်းက စတာဆိုလို့ ကျွန်တော်တို့ အဖွဲ့တွေဘဲရှိတာကို॥ အဲဒီတော့အတန်းကြီးကျောင်းသားတွေက ကျွန်တော်တို့ကို အမြဲတမ်းဂုတ်ပေါ်တင်ပြီး ထမ်းသွားတာတို့။ ဘောင်းဘီဆွဲချွတ်ပြီးတံတွေးထွေးပြီး ငိုအောင်စ တာ တို့ အမြဲလုပ်ပါတယ်။
ဒါပေမယ့် တစ်ရက်တော့ ကျွန်တော်နဲ့ မင်းဇော်ဆိုတဲ့သူငယ်ချင်း(၂)ယောက် ဓမ္မာရုံဘက်ကနေ စာသင်ခန်း ဘက်ကိုချီတက်အလာ အတန်းကြီးတွေစလိုက်တာ။ ကျွန်တော်က ချက်ကြီးလုပ်ပြီး ရှေ့ကိုတက်လိုက်တယ်။ (တကယ်တော့ ကြောက်ပါတယ်) အဲလိုတိုးလေ အကြီးတွေက ၀ိုင်းစ လေ...သူငယ်ချင်းမင်းဇော်က ဒေါသထွက် လေ။ နောက်ဆုံးတော့ နောက်နေတဲ့ကျောင်းသားကြီးတွေကို မင်းဇော်က ခဲနဲ့ ဆော်ထည့်လိုက်တာ ရှေ့ထွက်ပြီး ဟန်ရေးပြနေတဲ့ ကျွန်တော့်နောက်စေ့ကို ခဲမှန်ပြီး ကျောင်းဆေးခန်းရောက်တော့တာဘဲဗျာ........
Saturday, January 26, 2008
သူငယ်ချင်းတွေသို့ အမှတ်တရ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment