ဒီစာသားလေးကို မြင်တော့ ၁၀ တန်းကျောင်းသားဘ၀ကိုလွမ်းသလိုလို ဘဲ ဗျို့...
The brook ဆိုတဲ့ ကဗျာလေးကို နှစ်သက်ခဲ့ပါတယ်။ ပြီးတော့ Leisure ဆိုတဲ့ ကဗျာလေးကိုလည်း မမေ့ဘူးဗျို့
၁၀ တန်းတုန်းက အမှတ်တရတွေက ဘာနဲ့ မှ မလဲချင်ဘူး။ ကျူရှင်လစ်ပြီး ဂိမ်းဆော့ခဲ့တာကို က အရသာ တစ်မျိုး ရယ်. :D
ကျွန်တော်ကတော့ ကျူရှင်လစ်တာလစ်တယ် စာကတော့ကျက်တယ်ဗျ၊
အခုပြဌာန်းထားတဲ့ အင်္ဂလိပ်စာကတော့ အလှမ်းဝေးသွားပြီရယ်။ စာတွေကို သတိရပေမယ့် စာတွေနဲ့ ကျောင်းကြီးက ကျွန်တော်တို့ ကို သတိရကြပါ့မလားမသိဝူး။
ကျွန်တော်ဆို သူငယ်တန်းက နေ ၉ တန်းကျောင်းသား အထိ ရှေ့ဆုံးတန်းမှာထိုင်တာ။ ၁၀ တန်းရောက်မှ နောက်ဆုံးတန်းကို အော်တိုရောက်တာ။ စာသင်လို့ အပျော်ဆုံးအချိန်က တော့ BIO နဲ့ English အချိန်ဘဲ။
သချာင်္သင်ရင် စိတ်အပျက်ဆုံးဖြစ်တက်ပြီး ။ ၀ိဇာ တွဲသင်ရင်တော့ အအိပ်ချင်ဆုံးဘဲ ။မြန်မာစာဆိုလည်း သဒ္ဒါသင်ရင် တော်တော်လေး ညစ်တယ်ဗျ။စာစီစာကုံးဆိုရင်တော့ ပျော်ပါတယ်။ ကိုယ့်ဖာသာလုပ်ရတဲ့ အလုပ် ဆိုတော့ ပျော်တာပေါ့နော်။ သချာင်္ကတော့ ငယ်ငယ်ကတည်းက ညံ့တာဗျ။ ကျွန်တော်က မျက်စိကမှုန်တော့
သင်္ချာချိန်ဆို တော်တော်ကို ကသီတာဘဲဗျ။ အဲဒါကြောင့် လည်း သချာင်္ကို စိတ်မ၀င်စားခဲ့တာ
ခင်ဗျားတို့တော့ မသိဘူး ကျွန်တော်က သင်္ချာကို ကျက်ဖြေဖို့တောင်စိတ်ကူးခဲ့တာဗျ။ သူက အင်္ဂလိပ်စာလို မဟုတ်ဘူး။ စိတ်ကိုမ၀င်စားတာ။ စိတ်ညစ်ညစ်နဲ့ အင်္ဂလိပ်စာဘဲဖိကြည့်တာ။
သင်္ချာဖြေပြီးရင် လွတ်ပြီဘဲ။ အစမ်းစာမေးပွဲ ဆို ကျတယ်ဗျ။
ကဲဗျာ ရေချိုးလိုက်ပါဦးမယ်။ နောက်ကျမှ ဆက်တော့မယ်
Tuesday, July 24, 2007
for men may come and men may go but i go on forever
Subscribe to:
Post Comments (Atom)
No comments:
Post a Comment