Wednesday, July 8, 2009

ကွန်ပြူတာသမားများအတွက် ကိုယ်တွေ့  ခါးနာပျောက်ဆေးနည်းတဲ့

Type your summary hereကွန်ပြူတာသုံးတာ ကြာပြီဆိုတော့ ခါးနာရောဂါလည်း ဖြစ်လာတာပေါ့။
ဒီနှစ်ပိုင်းမှာ ခါးက ပိုနာလာတယ်။ ဆေးနည်းက နက္ခတ္တရောင်ခြည်ကနေ ရထားတာ ကြာလှပြီ။
အမှုအမှတ်မဲ့ မစမ်းကြည့်ဖြစ်ဖူး။ အခုတော့ စမ်းမှဖြစ်မယ်ဆိုပြီး -
အာလူးကြီးတစ်လုံးကို ခပ်ပါးပါး အလွှာတွေရအောင် လွှာပြီး ညအိပ်ယာဝင်တော့
နာနေတဲ့ခါးပေါ်မှာ စီပြီး
ကပ်လိုက်တယ်။ အားကစားသမားတွေသုံးတဲ့ အလပ်စတစ်ပတ်တီး ပတ်ပြီး အိပ်လိုက်တယ်။
မနက်ကျတော့ ခါးနာနေတာ ယူပစ်သလို ပျောက်သွားတယ်။ အံ့ရောပဲ ...
အာလူးထဲမှာပါတဲ့ ဓါတ်သဘာဝတွေက အရေပြားကနေ ခါးနာတဲ့နေရာကို ၀င်သွားလို
့ဒါမှမဟုတ် ခါးနာဆီကနေ
အာလူးက စုပ်ယူလိုက်လို့  ပျောက်သွားတယ် ထင်တယ်။
နွယ်မြက်သစ်ပင် ရိုးရာဆေးမြီးတိုလေးတွေလည်း အထင်မသေးကြနဲ့ ဗျို့ ။

မုန်လာဥ နီ

မုန်လာဥ နီကတော့ တကယ်ပဲ မျက်စိအတွက်ကောင်းပါတယ်
ဆောင်းလည်း ကွန်ပျူတာ သုံးတာများလို့
မုန်လာဥ နီကို စားပါတယ်
ဒါပေမဲ့ သွေးတိုးရောဂါ ရှိသူက မုန်လာဥ နီကို အများကြီးစားလို့မရ ပါဘူး
သွေးပိုတိုးစေပါတယ်


ဟင်းနုနွယ်
ဟင်းနုနွယ် ရွက် စားခြင်းက ဘေးကင်းတယ်
ရောဂါတော်တော် များများ အတွက်လဲ ကောင်းပါတယ်
ဟင်းနုနွယ် ရွက်က အနာ ပြည်တို့ သငံ ရည်တို့ကိုလည်း
ထုတ်ပေးတယ် လက်တွေ့ပါ
ပြည်တည်နာ သမားတွေ အတွက် အရမ်းကောင်းပါတယ်


ခရီးသွားရင်း မူးဝေအော့အန်တတ်တယ်ဆိုရင်

၁။ ခရီးမသွားခင် တစ်နာရီအလိုကတည်းက Diphenhydramine ကဲ့သို့ဆေးမျိုးကို
ကြိုတင်၍ သောက်ထားပါ။ (ချင်း၌ပါဝင်သော ပစ္စည်းတစ်မျိုးသည် Diphenhydramine
ထက် အာနိသင် ပိုကောင်းသောကြောင့် ချင်းပါသော အစားအစာတို့ကို
ဆောင်ထားသင့်သည်)

၂။ လေ၀င်လေထွက်ကောင်းသော နေရာသည် သင့်အတွက် ပို၍ အဆင်ပြေလိမ့်မည်။

။ ခရီးမသွားခင် အစားအစာတွေကို အလွန်အကျွံစားခြင်း၊ အရက်ပါသော
အချိုရည်တို့များစွာ သောက်သုံးခြင်းကို ရှောင်ကြဉ်ရမည်။

၎။ ခေါင်းကို အနည်းငယ်စောင်းထားပေးပြီး ယင်းနေရာ၌ အာရုံစိုက်ထားပေးပါက
ဦးနှောက်၌ ဖြစ်ပေါ်နိုင်သော လှုံ့ဆော်မှုကို သက်သာစေနိုင်သည်။

၅။ ကားစီးမည်ဆိုလျှင် အရှေ့ခုံ၌ထိုင်ပါ။ လေယာဉ်စီးမည်ဆိုလျှင်
တောင်ပံနှင့်နီးသော နေရာသည် တုန်ခါမှုနည်းသောကြောင့် သင့်လျော်သည်။
၆။ ကြောက်စိတ်၊ စိုးရိမ်ပူပန်စိတ်တို့သည် မူးဝေ၊ အော့အန်သော လက္ခဏာတို့ကို
ပိုဆိုးစေသောကြောင့် စိတ်ကို ငြိမ်သက်စေရန် ကြိုးစားရမည်။
နေ့လယ်ခင်းတရေးအိပ်သူများ ဖြတ်ထိုးဥာဏ်အရည်အသွေးတိုးတက်
နေ့လယ်ခင်း တစ်ရေးတမော မှေးစက်ခြင်းသည် လူတစ်ဦး၏ ဖြတ်ထိုးဥာဏ်နှင့်
အကွက်မြင်မှု အရည်အသွေးကို တိုးတက်လာစေကြောင်း လေ့လာမှု အသစ်တစ်ခုတွင်
ဖော်ထုတ်နိုင်ခဲ့သည်။ နေ့လယ်ပိုင်းတွင် ခဏတာလေးမျှ အနားယူခြင်းသည်
အိပ်မက်မက်ရန် လှုံ့ဆော်မှု အများဆုံးဖြစ်သလို ပြဿနာများ ဖြေရှင်းနိုင်သည့်
ဖန်တီးမှု အတွေးအခေါ်ကိုလည်း (၄၀)ရာခိုင်နှုန်း ၀န်းကျင်မျှ
မြင့်တက်လာစေကြောင်း သိရသည်။ လူတစ်ဦးသည် မျက်စိကိုမှိတ်ပြီး ခေတ္တမျှ
သက်တောင့်သက်သာ မှိန်းနေချိန်တွင် ခန္ဓာကိုယ်မှာ အနားရနေပြီး
ပတ်ဝန်းကျင်ကို တုန့်ပြန်သော ကိုယ်တွင်းစနစ်များမှာလည်း
ခေတ္တရပ်ဆိုင်းနေမည်ဖြစ်သည်။ ထို့ကြောင့် ပြန်လည်နိုးထလာရာတွင်
လန်းဆန်းပြီး ဖန်တီးမှုစွမ်းရည် မြင့်တက်နေသည်ကို ပညာရှင်များက
တွေ့ရှိခဲ့သည်။ ဆန်ဒီယေးဂိုးမှ သုတေသီအဖွဲကခေါင်းဆောင်
ဒေါက်တာဆာရာမက်ဒ်နစ်က “ပြဿနာတစ်ခု ကြုံတဲ့အခါ ရုတ်တရတ် အကြံပေါ်လာပြီး
ချက်ချင်းဖြေရှင်းနိုင်တဲ့ အနေအထားမျိုး ဘယ်အခါမှာ ပေါ်လာတတ်သလဲ
ကျွန်မတို့ လေ့လာခဲ့ပါတယ်။ ဒါဟာ နေ့လယ်နေ့ခင်းအချိန်မှာ ခဏတဖြုတ်
နားနားနေနေ မှိန်းနေခွင့်ရတာနဲ့ အများကြီး ဆက်နွယ်နေပါတယ်”ဟု
ရှင်းပြခဲ့သည်။ “ဒါပေမယ့် ပြဿနာက ဖန်တီးမှုစွမ်းရည် အကောင်းဆုံး
ဖြစ်စေနိုင်ဖို့ အချိန်ဘယ်လောက်ကြာအောင် အနားယူရမလဲဆိုတာ ကျွန်မတို့
မသိသေးတာပါပဲ”ဟုလည်း ဒေါက်တာ ဆာရာကဆိုသည်။ သုတေသီများသည်
စိတ်ရှုပ်ထွေးစေမည့် ပြဿနာများကို မည်သည့်အချိန်တွင် အကောင်းဆုံး
ဖြေရှင်းနိုင်မည်ကို သိရှိစေရန် အခြေအနေ အမျိုးမျိုးဖြင့်
လေ့လာစမ်းသပ်ခဲ့ရာ နေ့ခင်းဘက် ခဏတာ အနားယူထားသူများသည် အခြားသူများထက်
ပိုမိုလျင်မြန်စွာ အဖြေရှာနိုင်သည်ကို တွေ့ရှိခဲ့ကြသည်။
လက်တွေ့စမ်းသပ်မှုများကို အဖွဲ့များခွဲပြီး ပြဿနာအမျိုးမျိုးကို ချဉ်းကပ်
အဖြေရှာစေခဲ့ရာ နေ့လယ်ပိုင်း ခဏတာ အနားယူခွင့်ရရှိသူများက အခြားသော
စမ်းသပ်မှု အမျိုးမျိုးကို ခံယူထားသူများထက် ပျမ်းမျှအားဖြင့်
ရာခိုင်နှုန်း (၄၀)မျှ ဖြေရှင်းနိုင်စွမ်း မြင့်တက်နေကြောင်း သိရသည်။
ထိုစမ်းသပ်မှု အဆင့်ဆင့်ကို အမျိုးသား သိပ္ပံအကယ်ဒမီမှ ထုတ်ဝေသော
ပညာရပ်ဆိုင်ရာ ဂျာနယ်အတွင်း ထည့်သွင်းဖော်ပြထားကြောင်း ပါ။

Type rest of the post here

No comments: