Friday, February 15, 2008

၁၀ တန်းအောင်ပြီးတုန်းက






ဒီပုံလေးတွေကို မနက်ကမှ ဓါတ်ပုံ အယ်လ်ဘန် ဖွင့်ကြည့်မိလို့ တွေ့မိတာပါ။အဟောင်းတွေ တွေးတော့ အစုတ်ဖြစ်တယ်။
ဟုတ်ပါဘူး။ အသစ်ဖြစ်တယ်ပြောတာပါ
အဲဒါကတော့ ကျွန်တော် အားယားနေပြီး စားပွဲတင်တင်းနစ် ကစားပြီးလို့ အအေးသောက်တဲ့အချိန်မှာ ငယ်သူငယ်ချင်း (၂)ယောက်ကိုတွေ့မိတယ်။အမြဲမတွေ့ဖြစ်တော့ စကားတွေ ပြော ရင်းနဲ့တဲ့ ငါတို့ကောင်တွေဆရာကန်တော့ပွဲလုပ်ကြရအောင်တဲ့။ ကောင်းတာပေါ့။ လုပ်မယ်လေ....
အဲဒါနဲ့ ကျွန်တော်ရယ်နဲ့ သူငယ်ချင်း(၂)ယောက် ဆရာကန်တော့ပွဲဘက်ကို နပန်းလုံးလိုက်တာ တော်တော်လေးအထမြောက်တော့မယ်။ လာနိုင်တဲ့သူတွေက လာပေါ့ ။ မလာနိုင်တဲ့သူတွေကလည်း မလာနိုင် အဲဒီအထဲမှာ မင်းမင်းဦး(မြတ်မင်းဦး)ဗိုလ်တထောင် နဲ့ ဘုန်းမော်ထွန်း၊ ကျော်သက်ခိုင်၊ တော်တော်များပါတယ်။ မလာနိုင်ဆို ကျောင်းတစ်ဖက်။ အလုပ်တွေနဲ့ ဖြစ်နေပြီ။ ကျွန်တော်က ဝေလေလေ။ ဒါကြောင့်သာ လုပ်နိုင်တာ ပေါ့ နော။ ကျွန်တော်တို့လိုဝေလေလေတွေသာ မလုပ်ရင်ဆရာကန်တော့ပွဲ ဘယ်အောင်မြင်မလဲ။
သူငယ်ချင်းတွေကလည်း ဆရာကန်တော့ပွဲလုပ်မယ်ဆိုတော့ အားလုံးလိုက်လာကြတာဘဲ ...သိပ်တော့မလုပ်ချင် ကြပါဘူး.....................ကောင်မလေးတွေအိမ် ပိုက်ဆံသွားကောက်တော့လည်း တစ်ယောက်နဲ့တစ်ယောက် ဖုန်း ဆက်ပြောကြနဲ့ ပျော်စရာကြီးတဲ့...
အဲဒါနဲ့ တစ်နေ့ ကိုကိုဦးတို့အိမ်ဖြစ်တဲ့ အထက(၁)နောက်ဘက်က အိမ်မှာ လူစုလိုက်တယ် ။ ဘာရယ်တော့ မဟုတ်ပါဘူး သီချင်းလေးဖွင့်လိုက်တယ်။ အဖြူရောင်သူငယ်ချင်းခွေပါ။
ရောက်လာတဲ့ အိမွန်တို့ ၊ ရီရီမော်တို့က ` သြ နင်တို့က ဒီအကြံနဲ့ပေါ့လေ..... မဟုတ်ပါဘူး။ သူငယ်ချင်းသီချင်း ဆိုလို့ ဒါဘဲသိလို့ပါ ဆိုတဲ့ ဖြေရှင်းချက်တွေပေးပြီး နှစ်သိမ့်ရသေးတယ်။ ဆရာကန်တော့ပွဲ မလုပ်ခင်သူငယ်ချင်း တွေချည်းစုပြီး ထမင်းချက်စားကြတယ်။ အိအိမွန်တို့အိမ်မှာ
မနက်ဖြန် ဆရာ/ဆရာမတွေဖို့လည်းစီစဉ်ရင်းနဲ့ ပါ အတွေးလည်း မလွဲပါနဲ့...ချက်ဖို့ပြုတ်ဖို့ပစ္စည်းတွေ စီစဉ်ရနဲ့ ဘာနဲ့ ဖတ်ဖတ်ကိုမောလို့ ။ ပျော်လည်းပျော်ပါတယ်။ ချက်ဖို့ပစ္စည်းတွေသွားသယ်ရင်းနဲ့
တိုးဝေမောင်က ခုနေ(၁၀)ဘီးတစ်စီးနဲ့ ကားဆွဲရင် မြတ်မှာဘဲကွ။
ရီရီမော် ` နင်ကလည်း ငါ့အိမ်မှာ(၁၀)ဘီးရှိတာဘဲ ဝေးဝေးမတွေးစမ်းပါနဲ့ဟ` ၀ါးကနဲပွဲကျသွားတယ်။ မျက်နှာကရဲမသွားဘူး။ မဲပြီးသား....ညစ်သွားတာ...ဟီးဟီး॥
ငယ်ငယ်တုန်းက ကျောင်းအုပ်ဆရ
စက်တင်ဘာ(၁၈)ရက်နေ့ကျတော့ ဆရာကန်တော့ပွဲစတယ်။ ဆရာ/ ဆရာမတွေကိုသွားကြိုတယ်၊ နှုတ်ဆက်ကြတယ်။ အားလုံးဆရာတွေစုံပြီဆိုမှ တိုင်ပေးတဲ့အတိုင်း လိုက်ဆိုပြီးမှကန်တော့ကြတယ်
ဆရာဆရာမတွေက ဆုံးမစကားပြောတယ်။ ဆုတွေလည်းပေးတယ်။အဲလိုဆိုတော့ဝမ်းလည်းသာတယ်။ ၀မ်းလည်းနည်းတယ်။ နောက်ဆိုဒီလိုလည်း တွေ့ရမှာမဟုတ်ဘူးလေ။ အလုပ်တွေနဲ့ဖြစ်ကုန်ကြတော့မှာကို။
၁၉၉၇ က အောင်ပြီး ၁၉၉၈ မှ ဆရာကန်တော့ပွဲလုပ်ပြီးကတည်းက အခုထိ မတွေ့ကြရတော့ပါဘူး။
ဘယ်တွေရောက်နေလဲဆိုတာတော့ တစ်ယောက်နဲ့ တစ်ယောက် အဆက်အသွယ်တော့ရှိပါတယ်။ ရှိတဲ့သူမှပါ။
နောက်လည်း ဆရာကန်တော့ပွဲလုပ်ချင်ပါတယ်။ လုပ်တာက လွယ်ပါတယ်။ ကျွန်တော်တို့က ၁၉၈၅-၁၉၈၆ ခုနှစ် က သူငယ်တန်းသမားတွေဘဲ ဆုံပြီး ကန်တော့ချင်တာ။
ငယ်ငယ်တုန်းက သင်ခဲ့ရတာတွေက ဆရာမ ဒေါ်လွင်လွင်ညွန့်(သချာင်္)၊ ဒေါ်ခင်ရေး(သချာင်္၊ ဒေါ်ညွန့်ခင်၊(တန်းပိုင်) ဒေါ်နီလာ(အင်္ဂလိပ်စာ)၊ ဒေါ်ခင်သန်းအေး(သမိုင်း)၊ ဒေါ်ခင်တိုး(သူငယ်တန်းတန်းပိုင်)
သူငယ်တန်းတုန်းက ရိုက်ထားတဲ့ပုံ က ဘယ်ရောက်နေမှန်းမသိလို့ မတင်ထားတာ ပါ သူငယ်ချင်းတို့ရေ....

Type the rest of your post here.

No comments: