Saturday, January 26, 2008

တစ်ချိန်တုန်းအထက(၁)

ကျွန်တော်ဆိုတာက ပခုက္ကူ အထက(၁)က မွေးထုတ်လိုက်တဲ့ကျောင်းသားတစ်ယောက်ဆိုရင် မမှားပါဘူး။ ကျောင်းကို တော့ ကျွန်တော့သံယောဇဉ်ကြီးတာအမှန်ပါ။ ကျွန်တော့်လိုဘဲသံယောဇဉ်ကြီးတဲ့ သူငယ်ချင်းတွေ လည်းရှိမယ်ဆိုတာ ယုံကြည်နေပါတယ်။...............
ကျွန်တော့်အတွက်တော့ ကျောင်းကြီးနဲ့ သူငယ်ချင်းတွေကို ပိုချစ်မိမယ်ဆိုတာ ဘလောက်ပရိသတ်ကြီးခံစားကြည့် ရင် သိနိုင်ပါတယ်။ ကျွန်တော့်မှာ သူငယ်တန်းတုန်းက သူငယ်ချင်းတွေနဲ့အလယ်တန်းတတ်တော့ကွဲသွားတယ်ဗျာ။ ကျွန်တော်တို့ကို မွေးထုတ်ပေးတဲ့ ဆရာကြီးဦးကျော်ရှင်းမရှိတော့တာလည်းပါတယ်။ ကျွန်တော်တို့ က ပခုက္ကူ အထက(၁)မှာ လူစွာတွေမဟုတ်လား။
ဒါကြောင့်ထင်တယ် နောက်ရောက်တဲ့ကျောင်းအုပ်ကြီးက ကျွန်တော်တို့ကို တခြားကျောင်းသားတွေနဲ့ အခန်း ရော တက်ခိုင်းလိုက်တော့ သူငယ်ချင်းတွေကွဲသွားတာပေါ့...။ အလယ်တန်းဆိုတော့ တခြားကျောင်းက ကျောင်းသားတွေ ရောက်လာပြီပေါ့။ (၅)တန်းဆိုပေမယ့် ဗိုလ်တကာ့ ဗိုလ်ကောင်တွေရောက်ချလာပါရောဗျာ॥။
ကျွန်တော်တို့က သူငယ်တန်းကတည်းက ပေါင်းတဲ့သူငယ်ချင်းကို ပိုခင်တယ်။ ဒါပေမယ့် (၅)တန်းကျောင်းသား လည်းဖြစ်ရော॥ ကောင်မလေးတွေက နည်းနည်း စိမ်းလာတယ်ဗျ။ ဒါကလည်း သဘာဝဘဲလေ။။ ပြောလို့တော့ ဘယ်ဖြစ်မလဲ။ မှတ်မှတ်ရရလေးတွေက နှစ်တိုင်းရှိစမြဲပါဘဲ။ ကျွန်တော်က (၅)တန်းတုန်းက ဆရာမ ဒေါ်ကြည်ကြည်ဝင်းက အတန်းပိုင်၊ အရှက်ကွဲတာကို ပြောပါတယ်။ သဒ္ဒါသင်တာ က ဆရာဦးခင်မောင်ထွေးပေါ့ ခုတော့ ပင်စင်ယူလောက်ပါပြီ။ အာမေဍိတ် ဆိုတဲ့ သင်ခန်းစာလည်းရောက်ရော ။ ကျွန်တော်ထအော်တယ်॥ အားရပါးရပါဘဲ။။ ဘေးခန်းတွေတောင်ကြားရတယ်။ ဟဲဟဲ.... အာမေနှိုက် .... ဆိုပြီး အာဗြဲကြီးနဲ့.... ၀ိုင်းရီကြ တယ်။ နေ့လည်ကျောင်းကို အိမ်က ဆူမှ တတ်ရဲတော့တယ်။ တော်ပြီရယ်... နောက် မအော်တော့ဘူး။။။

No comments:

Post a Comment