Sunday, January 27, 2008

ဒီလိုပျော်ခဲ့တာ

ကျွန်တော် (၈)တန်းကို တက်ရတော့မယ် ဆိုတဲ့ အသိက ကျွန်တော့်ကို မပျော်ရွှင်စေသည့်တိုင်အောင် ရင်ခုန် အောင်တော့ လုပ်ပေးနိုင်တယ်လို့ယူဆတယ်။ အဲဒီအချိန်ကို မရောက်ခင်ကတည်းက ၀တ္ထုစာအုပ်ကြီးတွေဖတ်ပြီး ဘ၀င်က ခပ်ကိုင်ကိုင်ချင်ရယ်ပါ။ ငါ့လောက် ဘယ်ကောင်စာဖတ်သလဲဆိုတဲ့ လူပျိုဟု ယူဆရတဲ့ အတွေးလေးတွေ လည်းဝင်ချင်ချင်ရယ်ပါ.....
(၈)တန်းတက်တော့ ကျွန်တော့အတန်းပိုင်က ဦးစိန်အောင်ပါ။ အီး ခန်းက လွတ်ပြီး (ဒီ)ခန်းကို ရောက်ပြီဗျာ.. ဗရုတ်ကျတဲ့သူငယ်ချင်းတွေလည်းအများကြီးတွေ့ နေပါပြီ။ ရှက်တက်တဲ့ကျွန်တော်လည်း တော်တော်လေး ရဲတင်းနေပါပြီ။အတန်းပိုင်က သမိုင်းသင်တယ်။ သူစာသင် ရင် ၃ မျိုးခွဲပြောတတ်တယ်။ ဒါကတော့ တော်တဲ့ကျောင်းသားတွေအတွက်။ ဒါကတော့ ခပ်သင့်သင့်ကျောင်းသား တွေအတွက်။ ဒါကတော့ အောင်ရုံကျေနပ်တဲ့ကျောင်းသားတွေအတွက်ဆိုတဲ့စကားပါ။ ဆရာက အင်္ဂလိပ်လို အတို ကောက် ယူ လိုက်ရင် ဦးစိန်အောင်ဆိုတော့ ကျွန်တော်တို့ အတန်းသားတွေက USA ဆိုပြီး အတိုခေါ်ကြပါတယ်။ ဒါကို ဆရာဦးစိန်အောင်လည်းသိတယ်။ ဖြစ်ချင်တော့ဗျာ... အခန်းက လေ၀င် မှန်ပြတင်းပေါက် က ကွဲနေတယ်။ ဒါကို မင်းတို့ နံကာချပ်ဝယ်ပြီးကပ်ဆိုပြီး ဆရာက ခိုင်းလိုက်ရောဗျာ။
အဲဒီမှာစတွေ့တာဘဲ............
အတန်းရဲ့ဇော်တွေဖြစ်တဲ့ ထိန်လင်း၊ ဇော်မင်းလတ်အပေါင်းပါများကနံကာချပ်မှာ USA ဆိုပြီး ရေးထားပြီး ဘီလူး ခေါင်းပုံ ရေးပေးလိုက်ကြတယ်ဗျာ ........ ဆရာလည်း ဒေါသထွက်ရမလို၊ ရီရမလိုဖြစ်နေတယ်။
နောက်တစ်ခါဖောက်တာ ထိန်လင်းတို့အဖွဲ့လေ။ သူတို့က စာသင်ခန်းနောက်တန်းမှာနေကြတာ။ ကျွန်တော် တို့ တုန်းက (၈)တန်းမှာ ကျောင်းက အချိန်ပိုတက်ရလိုက်သေးတယ်။ အချိန်ပိုကြေးပေးရတယ်။ ထိန်လင်း ကို တန်းပိုင်က အချိန်ပိုလခတောင်းတယ်။ ထိန်လင်းက ဆရာ့ကို ငိုပြတယ်။ ကျွန်တော်က ရေထမ်းရောင်းရတာ ဆရာ ။ အမေက အိမ်တွေမှာ အ၀တ်လိုက်လျှော်ရတယ် ဆိုပြီး။। တကယ်တော့ ဒီကောင် သုံးတာများသွားလို့ ဆရာ့ကို သွားငိုပြတာ။ ဘေးက ကောင်တွေကလည်း အောက်ဆီဂျင် ။။ ဟုတ်ပါတယ်ဆိုပြီးလိမ်တာ။ ဖြစ်ချင်တော့ ထိန်လင်းပြောတဲ့ အမေက အတန်းပိုင်နဲ့ ကျောင်းနေဘက်တွေ ။ အလိမ်ပေါ်လည်းပေါ်ရော...... ဘာပြောကောင်းမလဲဗျာ။
နောက်॥
ကျွန်တော်တို့ အတန်းက မိန်းမလျာ များတယ်ဗျ। (၅)ယောက်တောင်ရှိတယ်ဗျာ။စဉ်းစားကြည့်။ မုန့်စားဆင်းချိန် ဆို ကျွန်တော်တို့အခန်းက မပျင်းရဘူး။ ဒီကောင်တွေက အလှအပလည်းကြိုက်သကိုးဗျ.....
ခေါင်းဆောင်က နန်းတုတ် ဆိုတဲ့ကောင်၊ ကျွန်တော်တို့ အခန်းလိုက်ဘောလုံးပြိုင်ပွဲမှာ စတာဘဲ။။။
ကျွန်တော်က ဘောလုံးထရိန်နင်ပြည့်တဲ့ကောင်ဆိုတော့ အတန်းထဲက ကောင်တွေက ကျွန်တော့်ကို ထည့်တယ်။ ဒီကောင်လည်း ဘောလုံးကန်ရမယ်ဆိုပြီး။ ဒါကို ကိုယ်တော်က မကျေနပ်ဘူး ။။ ဆရာ... ဒီကောင်က မျက်မှန်တပ် ထားတယ်။ လူကလည်း အရပ်ပုတယ်ဆိုပြီး သွားချွန်တာ။ ကျွန်တော် အရန်ခုံမှာထိုင်လိုက်ရတယ်။ သူက အရပ် ရှည်တော့ ဂိုးဖမ်းတယ်။ အရမ်းတော်တာ.... တစ်ဖက်အသင်းက ကန်လိုက်တဲ့ဘောလုံးကို ဖမ်းလိုက်တာ॥
ပေါင်ကြားထဲက ထွက်ပြီး (၂)ဂိုး(၁)ဂိုးနဲ့ ရှုံးသွားတယ်....

No comments: